ပြည်ကြီးတံခွန်မြို့နယ်(ဂ)ရပ်ကွက် ဘုန်းတော်ကြီးကျောင်း-၁တွင် လူငယ်စကားဝိုင်းကျင်းပ

ပြည်ကြီးတံခွန် ဇူလိုင်  ၁၈

 

ရှေးဦးစွာ စကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဘုန်းတော်ကြီးကျောင်း-၁မှ Grade-10 ကျောင်းသား မောင်စည်သူထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် လည်းကောင်း၊Grade-11 ကျောင်းသူ မဇာဇာလွင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12ကျောင်းသား မောင်ခိုင်လင်းထက်က လူငယ်နှင့် Social Mediaခေါင်းစဉ်ဖြင့် လည်းကောင်း စသည့်ပါဝင်‌သောအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင်