ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်

လွိုင်လင်  ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ် (ပင်လုံ) Faculty of Computing တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက် (၉) နာရီက အဆိုပါတက္ကသိုလ် ဘက်စုံခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ လွိုင်လင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ကြက်ခြေနီအသင်း၏ သမိုင်းကြောင်းကိုလည်းကောင်း၊ ကြက်ခြေနီ၏ အခြေခံမူ (၇) ချက်နှင့်အညီ ပြုမူဆောင်ရွက်ကြရန်၊ ကြက်ခြေနီသည် နိုင်ငံတော်၏ လူမှုဂရုဏာလုပ်ငန်းတွင် အရန်အင်အားဖြစ်ကြောင်း သင်တန်းဖွင့် အမှာစကားပြောကြားပြီးနောက် စာတွေ့လက်တွေ့သင်ခန်းစာများ သင်ကြားပေးလျက်ရှိသည်။

အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သင်တန်းနည်းပြ (၅) ဦးတို့က ‌သင်တန်းသား/သူ (၃၄) ဦးကို သုံးရက်ကြာ စာတွေ့ လက်တွေ့သင်‌ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး