(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲကျင်းပ

မြိတ် ဇူလိုင် ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်(၁၈) ရက်နံနက်ပိုင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ကြည်သူဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အာဇာနည်နေ့ အကြောင်းအရာများ အသိပညာပေး ဟောပြောသည်။ ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။ ယင်းနောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်ပြပွဲအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဆေး​ရောင်ခြယ် ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)