မိုးနဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(နမ့်စလိုင်)၌ လူငယ်စကားဝိုင်း ကျင်းပ

မိုးနဲ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (နမ့်စလိုင်)၌ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကလေးအလုပ်သမားလျှော့နည်းပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလှဝင်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့်ပတ်သက်၍ ‌ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများက မြန်မာနိုင်ငံ ကလေးလုပ်သားပပျောက်ရေးနှင့် “ဥပဒေစည်းမျဉ်းများကဘာလဲ၊ ကလေးအလုပ်သမားဆိုတာဘာလဲ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားကို ခိုင်းစေမှုဆိုတာဘာလဲ၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းကဘာလဲ၊ ဘေးအန္တရာယ်ရှိတဲ့ ကလေးအလုပ်သမားဆိုတာဘာလဲ” အစရှိသည့် အကြောင်းအရာများကို ‌ကျောင်းသား/သူလေးများက ဆွေးနွေးပေးခဲ့ကြပြီး သိလိုသည့်အချက်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများပါရှိသော နံရံကပ်စာစောင်များအား ပြသခဲ့ကြရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို