ချောင်းဆုံ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာ ရေးပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချု်ပရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီက ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းက ထောက်ပံ့ငွေပေးအပ်ခြင်း အကြောင်းအား ရှင်းလင်း ပြောကြားပြီး ထောက်ပံ့ငွေများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီတို့က သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ထံပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် အိမ်ထောင်စု (၇၀၇၇)စုအတွက် တစ်အိမ်လျှင် (၂၀၀၀၀)ကျပ်နှုန်း စီဖြင့် စုစုပေါင်း ငွေကျပ် (၁၄၁၅၄၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် အခြေခံ လူတန်းစားအိမ်ထောင်စု များကို လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)