ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၃၂)ဦးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဩဂုတ် 

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ် နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၁၆ ရက်နေ့၊  ညနေ()နာရီ အချိန်က(၁၈)ဦးနှင့် မန်နေ့ မွန်းလွဲ()နာရီအချိန်က(၁၄)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၂) ဦး  ထပ်မံဝင် ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့်နေရပ်ပြန်ပြည်သူ(၃၂)ဦးတို့မှာ  အမျိုးသား(၂၄)ဦး၊ အမျိုးသမီး()ဦး တို့ဖြစ်ပြီး  မကွေးတိုင်းဒေ သကြီး၊ ရေစကြိုမြို့နယ်မှ()ဦး၊ တောင်တွင်းကြီးမြို့နယ်မှ(၁၁)ဦး၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ()ဦး    ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့နယ်မှ()ဦး၊  ကျောက်မဲမြို့နယ်မှ()ဦး၊  တန့်ယန်းမြို့နယ်မှ()ဦး၊  မူဆယ်မြို့နယ်မှ()ဦး၊ မိုင်းရယ်မြို့နယ် မှ()ဦး၊ သိန္နီမြို့နယ်မှ() ကွမ်းလုံမြို့နယ်မှ()ဦး၊ ကုန်ကြမ်းမြို့နယ်မှ()ဦး၊  ဟိုပန်မြို့နယ် မှ()ဦး  နှင့် လောက်ကိုင်မြို့နယ်မှ()ဦး  တို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော် မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေး လျက်ရှိရာဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၀၈၆)ဦး နှင့် အမျိုးသမီး(၆၄၅၃)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၅၃၉)ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)