ဆီဆိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်

ဆီဆိုင်          ဩဂုတ်         ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့်  ဆောင်ရွက်လျက်ရှိသော နောင်ကျောကျေးရွာအုပ်စု၊ တခေါ့ခွန်ကျေးရွာရှိ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်အရည်အသွေးပြည့်မီခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တခေါ့ခွန်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ်(၁၄၅) သိန်း ဖြင့် အလျားပေ ၄၅ အနံ ၂၆ ပေ၊ အမြင့် ၁၂ ပေ၊ ()ခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာ အဆောက်အဦဖြစ်ကြောင်း သိရသည်။ 

ခွန်ရဲထွေး(ဆီဆိုင်)