ထားဝယ်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ထားဝယ်   သြဂုတ် ၁၉

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သြဂုတ် ၁၇ ရက်နေ့က  တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ထားဝယ်မြို့ဒေါင်းငူရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်

ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်မှ (၁၈) နှစ်ပြည့် ပြောင်းလဲဆောင်ရွက်ပေးသူ (၂၆) ဦးနှင့် အသက် (၁၈) နှစ်ပြည့် (၄) ဦး၊ စုစုပေါင်း (၃၀) ဦးတို့အား ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)