လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူ (၉၅၈) ဦးအား ရေကင်းလွတ်ရာသို့ပြောင်းရွှေ့

လှိုင်းဘွဲ ဩဂုတ် ၂၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ် (၉၈၀) စင်တီမီတာအထက် (၁၁၁၆) စင်တီမီတာသို့ရောက်ရှိပြီး မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ပြည်သူများနေထိုင်သော အေးလင်းသာယာကွင်းရှိ ယာယီတဲများအောက်သို့ သံလွင်မြစ်ရေ (၂) ပေခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများနေထိုင်သော ယာယီတဲများအောက်သို့ ရေများဝင်ရောက်လာသဖြင့် မြိုင်ကြီးငူ ယာယီအုပ်ချုပ်ရေးမှူး ဦးဝင်းကြည်၊ ဂေါပကအဖွဲ့ဝင် ဦးအထွန်းတို့ကကြီးကြပ်၍ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၅၆) စု၊ လူဦးရေကျား (၄၅၀) ဦး၊ မ (၅၀၈) ဦး စုစုပေါင်း (၉၅၈) ဦးအား အေးလင်းသာယာကွင်းရှိ အေးလင်းမြတ်ရှင်ဓမ္မာရုံပေါ်သို့ ပြောင်းရွှေ့ပေးထားကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)