ကြံခင်း ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကြံခင်းမြို့ ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၁၅၈)ဦး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး စုစုပေါင်း (၁၆၃)ဦးတို့အား ၂ရက်အကြာ ထိုးနံပေးသွားမှာဖြစ်ပြီး ပထမအကြိမ်း ထိုးနံပြီးသူများအနေဖြင့် (၂၈) ရက်အကြာ၌ ဒုတိယအကြိမ် ထမ်မံထိုးနှံပေး သွားမှာဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
လှိုင်ပို့ပို့ဇင် (ပြန်/ဆက်)