ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ပန်းတောင်း ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကျေးလက် ကျန်းမာ ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီး ဌာန ဝန်ထမ်းများ စုစုပေါင်း (၁၅၀)ဦးခန့်ကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပထမအကြိမ် စတင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)