ရွှေတောင် ဇန်နဝါရီ ၂၈
ရွှေတောင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း များအား ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းကို ရွှေတောင်မြို့ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် FDA မှ ဝန်ထမ်းများ စုစုပေါင်း (၁၁၈)ဦးအား ရွှေတောင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း ရွှေတောင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရ သည်။
ကိုကိုမင်း(ပြန်/ဆက်)