­­မိုးမိတ်မြို့တွင် မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်

မိုးမိတ်  ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဖွင့်လှစ်ပို့ချသော မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဇော်က မွေးမြူရေးဆိုင်ရာအသိပညာပေး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  တိရစ္ဆာန်များ၏ ရောဂါကူးစက် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ၊နွားနှင့်ဝက်များအား မေထုံမဲ့သားစပ်ခြင်း လုပ်ငန်းများ၊  တိရစ္ဆာန်အဟာရဗေဒ ဆိုင်ရာဘာသာရပ်များ၊ ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်ရာဘာသာရပ်များကို အသိပညာပေး ပို့ချပေးသွား မည်ဖြစ်ပြီး အဆိုပါသင်တန်းကို   ဇန်နဝါရီ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ကာ သင်တန်းကာလမှာ ၃ ရက် ဖြစ်ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)