နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်း၌ ညအိပ်ဝတ်စုံနှင့် ခေါင်းအုံးစွပ်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ ဆောင်ရွက်

နမ္မတူ  နိုဝင်ဘာ ၂၈

တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူရရှိကာ ပုံမှန်ဝင်‌ငွေရရှိစေရန် ရည်ရွယ်၍ Deutsche Zusammenarbeit ၏ ပံ့ပိုးကူညီမှုဖြင့် မိတ်ဆွေမြန်မာမှ ညအိပ်ဝတ်စုံနှင့် ခေါင်းအုံးစွပ်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP)စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ  ညအိပ်ဝတ်စုံနှင့် ခေါင်းအုံးစွပ်ချုပ်သင်တန်းအား နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် လီဆူး (IDP)စခန်းရှိ သင်တန်းသူ (၁၁)ဦး တက်ရောက်သင်ယူခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီလ (၁၈)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၁၀)ရက်တာ ဖွင့်လှစ်ပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သင်တန်းနည်းပြ ဒေါ်နန်းစံခမ်းထံက သိရှိရသည်။

လူမော် (ပြန်/ဆက်)