နမ္မတူ ဇန်နဝါရီ ၂၈
Funded by European Union ၏ ပံ့ပိုးကူညီမှုဖြင့် ဒိန်းမတ်လူမှုကူညီရေးအသင်းနှင့် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) တို့ ပူးပေါင်း၍ နမ္မတူမြို့နယ်၊ ကြူဆော့၊ လီဆူး (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ (၃၉၀)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ စီမံကိန်းမန်နေဂျာ ဦးတူးဆောင်နှင့် အဖွဲ့ဝင်များ၊ နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က ကြူဆော့၊ လီဆူး (IDP)စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၉)စု၊ လူဦးရေ (၃၉၀)ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၄၂၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၆၃၈၀၀၀၀)ကျပ်အား တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလအတွင်း တိုက်ပွဲရှောင် ပြည်သူများ မိသားစုအခက်အခဲများ လျော့ချပြီးကြံ့ကြံ့ခံနိုင် စွမ်းအားမြင့်တင်ရန် ရည်ရွယ်၍ တိုက်ပွဲရှောင်ပြည်သူ (၁)ဦးအား တစ်လလျှင် ထောက်ပံ့ငွေကျပ် (၂၁၀၀၀/-)ကျပ်နှုန်းဖြင့် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ) (၂)လစာအတွက် (၁)ဦးလျှင် ထောက်ပံ့ငွေကျပ် (၄၂၀၀၀/-) ကျပ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ စီမံကိန်းမန်နေဂျာ ဦးတူးဆောင် ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)