ခေါင်လန်ဖူးမြို့နယ် ဇီဒမ်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူနိုင်ရေး ကွင်းဆင်းစစ်ဆေး

ခေါင်လန်ဖူး  ဇန်နဝါရီ  ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ဇီဒမ်းကျေးရွာတွင် ယမန်နေ့တွင်  စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီဒမ်းကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက  အိမ်‌ခြေ ၁၁ အိမ်၊ လူဦးရေ ၆၉ ဦးနှင့် မူလတန်းကျောင်း ၁ ကျောင်း သောက်သုံးရေဖူလုံ‌ရေး ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ၁၅.၂ ကျပ်သန်းဖြင့် ဆီးနှင်းလွင်ပြင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါ စိမ့်စမ်းရေသွယ်ယူနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီနှင့် ဝန်ထမ်းများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကျေးရွာရေကော်မတီဝင်တို့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)