ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ် ဖွဲ့စည်း

ပလောက် ဇန်နဝါရီ  ၂၈

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပလောက်မြို့တွင်  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက စတင်၍  အမှတ်(၄) ရပ်ကွက် အလက(ခွဲ) ကျောင်းတွင် ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ပုလောမြို့နယ် ဌာနဆိုင်ရာ ပူးပေါင်းရေး အဖွဲ့ မှ ပလောက်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ နည်းပ‌ဒေများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး  ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအသစ်များကို ၂၀၂၁ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် စတင် တာဝန်ထမ်း ဆောင်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ် ကာလအတွင်း အပြီး ရွေးချယ် ဖွဲ့စည်း ပေးမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများထံမှ သိရသည်။

နှင်းမြူလွင်(ပလောက်-ပြန်/ဆက်)