Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
သံတောင်မြို့တွင်(MCCT)အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ နှင့် အသက်(၂)နှစ် အောက် ကလေးငယ်များအားထောက်ပံ့ငွေပေးအပ်
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ပထမသုံးလပတ် အတွက် (MCCT)အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများကို သံတောင်မြို့ ရပ်ကွက် (၄)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူတို့ကသွား ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jan 29,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုဝင်များအား တစ်အိမ်ထောင် လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးလျက်ရှိရာ မရရှိသေးသော ထပ်တိုးအိမ်ထောင်စုဝင်များအား ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် စတင်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ထပ်ဆင့်အသိပေးရှင်းလင်း
Jan 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေအား ထပ်ဆင့်အသိပေး ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက လွယ်ပါသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦမြေနေရာကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကွင်းဆင်းကြည့်ရှု
Jan 29,2021
ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦ မြေနေရာအား ချင်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ဒုတိယဥက္ကဌ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်သူဇာ၊ ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ဆလိုင်းထန်းနိုင်းနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကြိုတင်စာရင်းကောက်ယူရေး ညှိနှိုင်းဆွေးနွေး
Jan 29,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူများအား ကြိုတင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေပထမအကြိမ်ပေးအပ်
Jan 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေး ပထမ အကြိမ် ရန်ပုံငွေပေးအပ်ခြင်းကို ယနေ့နံနက်၁၀နာရီခွဲ အချိန်က ကော့ကရိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28969
Page
28970
Page
28971
Page
28972
Current page
28973
Page
28974
Page
28975
Page
28976
Page
28977
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department