နောင်ချိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုဝင်များအား တစ်အိမ်ထောင် လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့

 

နောင်ချို ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးလျက်ရှိရာ မရရှိသေးသော ထပ်တိုးအိမ်ထောင်စုဝင်များအား ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ထပ်တိုးအိမ်ထောင်စုပေါင်း (၉၈၆)စုအတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၇)သိန်း(၂)သောင်းကို မြို့နယ်အုပ်ချုပ်ရေး မှူးနှင့်တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အခြေခံလူတန်းစားအိမ်ထောင်စုများထံသို့ အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို-ပြန်ဆက်)