သံတောင်ကြီး ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ပထမသုံးလပတ် အတွက် (MCCT)အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများကို သံတောင်မြို့ ရပ်ကွက် (၄)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူတို့ကသွား ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သံတောင်မြို့ရပ်ကွက်(၄)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်(၆၈)ဦးနှင့် အသက် (၂)နှစ် အောက်ကလေးငယ်(၃၀၀)ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၅၇၃၅၀၀၀) ဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက် ကလေးငယ်များအနေဖြင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များမွေးဖွားစေရန် ၊အာဟာရပြည့်ဝသော အစားအစာ များဝယ်ယူစားသောက်နိုင်ရန် ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်သောအရာများ ဝယ်ယူနိုင်ရန်၊ ကလေးငယ်များအတွက် တစ်ကိုယ် ရေးအသုံးအဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ခင်ထွန်း ထံ ကသိရသည်။
မြို့နယ်ပြန်/ဆက်