လှိုင် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် စတင်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၃၅)ဦးတို့အား ပထမအကြိမ် စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ရက်သတ္တပတ်(၄)ပတ်ခန့်ခြား၍ ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလှိုင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ မှုတွင် လှိုင်မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်မှ ပထမဆုံး ကာကွယ် ဆေးထိုးနှံခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် ကျန်းမာရေးဝန်ထမ်းများ အားလုံးကို လည်းစောင့်ကြည့် လျက်ရှိကြောင်း တစ်စုံတစ်ရာ လွဲချော်မှု မဖြစ်ပွားစေရန် စနစ်တကျ ဂရုပြုထိုးနှံပေးခဲ့ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအား စာရင်းကောက်ယူ၍ ဆက်လက်ထိုးနှံပေးသွားမည်ဟု သိရကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်က ပြောကြားခဲ့သည်။
ကြည်ဇေသော်(ပြန်/ဆက်)