​ကျောက်တံတားမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

​ကျောက်တံတား   ဇန်နဝါရီ ၂၉

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ဦးစီးဌာနမှ ကျန်းမာ​ရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနကို  ယမန်​​နေ့ နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ အဖွဲ့​ခေါင်းဆောင်​ ဒေါက်တာ​ချောစုစုစံနှင့် အထက်တန်းသူနာပြု​ ဒေါ်နီလဲ့ဝင်းတို့သည် ​ကျောက်တံတား မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ စိုးလင်းထူးနှင့်အတူ ကာကွယ်​ဆေးထိုးရန် ပြင်ဆင် ထားရှိမှုအ​ခြေအ​နေများကို Check List ဖြင့် စစ်​ဆေးခြင်း Emer၊gency & AEEI Kit ပြင်ဆင်ထားမှုနှင့် Ambulance ပြင်ဆင်ထားမှုများကို စစ်​ဆေးထားမှုများကို စစ်​ဆေးခြင်းများ ပြုလုပ်ပြီး​​နောက်  ပြည်သူ့ကျန်းမာ​ရေး ဝန်ထမ်း (၁၇)ဦးတို့အား ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ကို တစ်ကြိမ်နှင့် တစ်ကြိမ် ၂၈ ရက်ခြား၍ နှစ်ကြိမ်ထိုးနှံ ပေးသွားမည်ဖြစ်သည်။

​ရွှေနန်း​မေ