ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ထပ်ဆင့်အသိပေးရှင်းလင်း

ဖယ်ခုံ    ဇန်နဝါရီ  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေအား ထပ်ဆင့်အသိပေး ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက လွယ်ပါသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမီရယ်က အမှာစကားပြောကြားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးတင်လှိုင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အသိပေး ရှင်းလင်းပွဲတွင် ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာ၀န်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အရည်အချင်းများ၊ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများတို့ကို  ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကုန်းဆုံ ကျေးရွာအုပ်စုအတွင်းမှ အိမ်ထောင်စု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မောင်မောင်ထွေး(ပြန်/ဆက်)