ပူတာအိုမြို့နယ်၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ်ပုံလောင်း သင်တန်းဖွင့်
Jan 30,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေ ပြည်သူများ၏ လူမှုဘ၀မြှင့်တင်ပေးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ် ပုံလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။