ဟားခါး ဖေဖော်ဝါရီ ၁၂
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြု ခြင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ လွပ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုနေ့ကျင်းပရေး ဦးစီးကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် (၇၄)နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက် ၇နာရီက အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ချင်းပြည်နယ် စီမံ အုပ်ချုပ် ရေးကောင်စီ ခေတ္တဥက္ကဋ္ဌ ဦးတိုးဝင်းက ဖတ်ကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စံလုပ်ငန်း ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)