မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မီးဘေးသင့်အိမ်ထာင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Mar 06,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ သရက်ခရိုင်၊ မင်းလှမြို့နယ် (မန်းသံပုရာကန်) ရေနံချက်စက်ရုံဝင်း ပြင်ပရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းအား မတ်လ ၅ ရက် နေ့ညနေပိုင်းက တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ယင်းနေ့ ညနေ ၆ နာရီခန့်က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။