ပခုက္ကူ မတ် ၇
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကမ္မမြို့ နတ်အင်းချောင်းထွက် အားလူများ လှိုင်လှိုင်ထွက်ရှိနေရာ ပခုက္ကူဈေးကွက်နှင့် ပွဲရုံများသို့ တစ်ရက်လျှင် အာလူးပိသာချိန် ခုနှစ်သောင်းခန့်စတင်ဝင်ရောက်လာနေပြီဖြစ်ကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံက သိရသည် ။
ပခုက္ကူခရိုင် ကမ္မမြို့ ညောင်ကျစ်ပင်၊ ပုတီးတွင်း၊ မင်းနန်တောကျေးရွာများသည် အာလူး စိုက်ပျိုးခြင်းအား နတ်အင်းချောင်းတလျှောက် အမြောက် အများစိုက်ပျိုးကြရာတွင် အာလူးများ စတင်ပေါ်နေပြီဖြစ်ကာ ဥဥနှုန်းနှင့်ဥကြီးနှုန်း ကောင်းမွန်ခြင်းကြောင့် အာလူးစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း ညောင်ကျစ်ပင်ကျေးရွာ အာလူးစိုက်တောင်သူ ဦးခင်စိုးထံက သိရသည်။
အာလူးစိုက်ပျိုးခြင်းအား သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် စိုက်ပျိုးကြကာ အာလူးအသေးဥများအား အာလူးမြက်ကွင်းခြမ်းဘက် သုံးပိုင်းသို့မဟုတ် လေးပိုင်းလှီးဖြတ်ကာ ရေမြောင်းစနစ်ဖြင့် အတန်းလိုက် ရေသွင်းစိုက်ပျိုးကြကြောင်း သိရသည်။ အာလူးပေါ်ချိန်ဖြစ်သည့် တပို့တွဲလတွင် အာလူးဥများ တူးဖော်ရပြီး အနယ်နယ်အရပ်ရပ်မြို့များမှအာလူး ပွဲစားများလာရောက်ဝယ်ယူကြခြင်းနှင့် အာလူးစိုက်ပျိုး တောင်သူများကိုယ်တိုင် ပခုက္ကူ အာလူးပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။ အာလူးဈေးနှုန်း အချိန်အများဈေး တစ်ပိဿာ ၉၀၀ ကျပ် ရောင်းချရခြင်းကြောင့် အာလူးစိုက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းရရှိခြင်း၊ အာလူးအထွက်နှုန်းကောင်းမွန်ခြင်းများကြောင့် အာလူးစိုက် တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း သတင်းရရှိသည်။
ကိုထိန်၊KPD