ဥတ္တရသီရိမြို့နယ်တွင် ဝန်ထမ်း(၁၁၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံ

ဥတ္တရသီရိ မတ် ၈

          ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ ဝန်ထမ်း(၁၁၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်သည်။

          ထို့ပြင် ဥတ္တရသီရီမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ (၄၀၂၀)ဦးအား မတ်လ ၉ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း (ပြန်/ဆက်)