မိုးနဲမြို့ ပြည်သူ့အားကစားကွင်းဝင်းအတွင်း မိုးလုံလေလုံအားကစားရုံဆောက်လုပ်

မိုးနဲ  မတ် ၈

    ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့အားကစားကွင်းဝင်းအတွင်း မိုးလုံလေလုံ အားကစားရုံကို တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

    မိုးလုံလေလုံ အားကစားရုံကို တင်ဒါအောင်ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီက ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၆၀ ဖြင့် အလျား ပေ ၂၀၀ ၊ အနံ ပေ ၁၀၀ နှင့်ခေါင်အမြင့် ၄၆ ပေ Steel Structure အမျိုးအစား တစ်ထပ်ကို တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်း ၃၀ ရာနှုန်းကျော်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

    အဆိုပါ အားကစားရုံတည်ဆောက်ရာတွင် လုပ်ငန်းများအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)