မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်

မိုင်းယောင်း မတ် ၈ ပညာရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာဦးစီးဌာန မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ Steel Structure နှစ်ထပ်ဆောင် အမျိုးအစားဖြစ်ပြီး အလျားပေ ၁၀၀၊ အနံပေ ၃၀ အကျယ်ရှိကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၄၈ ဒသမ ၂၀ ဖြင့် တော်ဝင်မိုင်းယောင်းကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်နေကြောင်း သိရသည်။ အဆိုပါ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းသည် မိုင်းယောင်းမြို့နယ် ပညာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်း ၃၀ ထဲမှ လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ စိုင်းအောင်ဇော်လင်း