သတင်းများ

မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 23,2021
မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်ကျောင်းများနှင့် အခြေခံ ပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ကျင်းပ သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မြို့သစ်မြို့နယ်အတွင်းရှိ နွားမွေးမြူရေးခြံနှင့် မြေသားကျောက်ရော မြေခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး
Apr 23,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်လွင်သည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းဦးနှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယနေ့ နံနက် ၈ နာရီက မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊
မိုင်းရယ်တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံ
Apr 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် မတ် ၁၀ ရက်က ပထမ အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် နိုင်ငံ့ဝန်းထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများကို ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၁ ရက်နံနက် ၁၁ နာရီက မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆီဘောက်ဆာကား အရှိန်လွန်ပြီး ကျောက်မဲမြို့အဝင်မုခ်ဦးအား ဝင်ရောက်တိုက်မှုဖြစ်ပွား
Apr 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာကားတစ်စီးမှ အရှိန်လွန်ကာ မြို့အဝင်မု‌ခ်ဦးအား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Apr 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ကော့ကရိတ်မြို့၌ သံဃာတော်များ၊ သီလရှင်များ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Apr 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သံဃာတော် များ၊ သီလရှင်များ၊ ပြည်သူများနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၂၁ရက် ၈နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် ငါးသယံဇာတပေါများစေရေးအတွက် ကကတစ်ငါးသားပေါက် အကောင်ရေ(၈၀၀၀၀) မျိုးစိုက်ထည့်
Apr 23,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတည်တံ့စေရေး၊ ငါးသယံ ဇာတပေါများစေရေးအတွက် မြိတ်မြို့၊ သာကေတရပ်ကွက်၊ ကမ်းနားလမ်း၊ သစ်ယာဝဆိပ်ခံတံတားတွင် ဧပြီလ (၂၃)ရက် နံနက်(၈)နာရီက သဘာဝရေပြင်အတွင်းသို့ ကကတက် ငါးသားပေါက် အကောင်ရေ(၈၀၀၀၀)မျိုးစိုက် ထည့်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နမ့်ဆီလင်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ထောက်ပံ့
Apr 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ဝေးလံခေါင်သီ၍ သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသား ကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားဆေးမှူးများ ပါဝင်သောအဖွဲ့သည် ဧပြီ ၂၂ ရက်က မုန်းလိုက်ကျေးရွာအုပ်စု၊ နမ့်ဆီလင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။