မိုင်းယောင်း၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

 

မိုင်းယောင်း ဧပြီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူကိုဗဟိုပြုပြီး အသိပညာပေးလုပ်ငန်းများကို ကျေးရွာအရောက်ကွင်းဆင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာမှ လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ယခုလို Talk Show အသိပညာပေး အစီအစဉ်များ ကျင်းပပြီး ပြည်သူများအသိပညာဗဟုသုတ ရရှိနိုင်ရေးအတွက် အွန်လိုင်းကဏ္ဍကနေတဆင့် ထုတ်လွှင့်တင်ဆက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်း၊ စာထောက်(၃) ဒေါ်နန်းပန်နှင့် ရုပ်သံကျွမ်းကျင်(၃) ဦးအားချာတို့က မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူတို့ကို ဆိုလိုကြောင်းနှင့် မသန်စွမ်းသူများ ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများအကြောင်း စသည့် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အားချာ