မိုင်းရယ် ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် မတ် ၁၀ ရက်က ပထမ အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် နိုင်ငံ့ဝန်းထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများကို ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၁ ရက်နံနက် ၁၁ နာရီက မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှေးဉီးစွာ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆေးစစ်ခြင်း၊ သွေးတိုးရောဂါ ရှိ၊မရှိ စစ်ဆေးခြင်းများ ပြုလုပ်ပြီးမှသာ ကာကွယ်ဆေးထိုးပေးသည်။ ဒုတိယအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးနှံသည့် ပထမရက်တွင် (၁၄၂)ဦး လာရောက်ထိုးနှံပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းလွင်မှ ကြီးကြပ်ဆောင်ရွက်ပေးသည်။
မိုင်းရယ်မြို့နယ်တွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေး ခြင်းအစီအစဉ်ကို မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံ၊ လွယ်ငင်ကျေးလက်ကျန်းမာရေးဌာန၊ မန်စန့် ကျေးလက်ကျန်းမာရေးဌာနနှင့် မိုင်းဟမံမုန်တိုက်နယ်ဆေးရုံတို့တွင် စုစုပေါင်း (၂၀၆၉) ဦးကို နေရာ (၄)ခုခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်