တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ပင်စင်လာထုတ်သော သက်ကြီးဘိုးဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်  ဧပြီ  ၂၃

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်အတွင်းရှိ  မြန်မာ့ စီးပွားရေးဘဏ်ခွဲတွင် ယမန်နေ့မှစတင်ပြီး  ပင်စင်လာထုတ်သော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အဘိုးအဖွားများကို ကျန်းမာရေး စောင့်ရှောက်မှု များ ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်ဆရာဝန်()ဦးတို့မှ ပင်စင်လစာ လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အဘိုးအဖွားများနှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နှာခေါင်းစည်း (Mask)များပေးဝေခြင်း၊ မူးမော်ခေါင်းကိုက်သူများနှင့်သွေးတိုးရှိသူများအားဆေးအကူအညီပေးခြင်း တို့ကို ဧပြီလ ၂၁ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)