နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး

နတ်မောက်   ဧပြီ  ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့  မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့မှ စတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင် လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်   စနစ်တကျ ရှိစေရန် သုံးပေအကွာစည်းများ ပြုလုပ်ပေးထားခြင်း၊ လက်ဆေးဘေစင်များ  ပြုလုပ်ထားခြင်း များကို နတ်မောက်မြို့  နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက်  မတ်လ ၂၁ ရက်နေ့မှ   ၂၈ ရက် နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအားနေ့စဉ်နံနက်   နာရီမှ နေ့လယ် နာရီအထိ ထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ်ရက်များတွင်  လာရောက် ထုတ်ယူခြင်းမရှိသော အငြိမ်းစားများအား  မေလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင် များကို ထုတ်ပေးမည်ဖြစ်ပြီး၊ နတ်မောက်မြို့ နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှ သိရသည်။  

လှဝင်း