မြစ်သားမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေ စိုက်ပျိုးရောင်းချသူများ အဆင်ပြေနေ

မြစ်သား  ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်၌ တစ်ပိုင်တစ်နိုင် အာဆီယံသပြေ စိုက်ပျိုး ရောင်းချသူများ အရောင်းအဝယ်သွက်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုလက်ရှိ အာဆီယံသပြေ တစ်ခက်လျှင်(၁၀)ကျပ်မှ (၂၀)ကျပ်နှုန်းထိရရှိပြီး တစ်လလျှင် ငွေကျပ်()သိန်းခန့် ရောင်းချရကာ ဖောက်သည်လာရောက် ဝယ်ယူသူများရှိသည့်အတွက် အရောင်းအဝယ် ကောင်းလျက် ရှိကြောင်းနှင့် အာဆီယံသပြေကို စိုက်ပျိုးလိုသူများအနေနဲ့ စိုက်ပျိုးနည်းများကို လာရောက် လေ့လာ စိုက်ပျိုးနိုင်ကြောင်း သပြေပန်း စိုက်တောင်သူများထံမှ သိရသည်။

အာဆီယံသပြေ ပျိုးပင်တစ်ပင်ကို (၅၀၀)ကျပ်နှုန်းဖြင့် ပုသိမ်ကြီးမြို့နယ်ထိ သွားရောက်ဝယ်ယူရပြီး  လက်ရှိ အပင်ပေါင်း (၃၀၀၀)စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး အပင်သုံးနှစ်သားအရွယ် ရောက်သည်အထိ အပင် (၃၀၀၀)ကို နှစ်ဆယ့်ငါးသိန်းနီးပါး စိုက်ပျိုးစရိတ်ကုန်ကျကြောင်း၊  ယခုအခါ ဖောက်သည်ယူ ရောင်းချသူများနဲ့ ဘုရားပန်းတင်လိုသူများက နေ့စဉ်လာရောက် ဝယ်ယူမှုများ ရှိတာကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြမြမွန်(မြစ်သားပြန်/ဆက်)