ပဲခူး ဧပြီ ၂၆
ပဲခူးတိုင်းဒေကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးအား ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါပိုးများ ထပ်မံတွေ့ရှိနေရကြောင်းကို သိရှိနေရပြီဖြစ်၍ လုံးဝပေါ့ဆ၍မရဘဲ မိမိတို့ တိုင်းဒေသကြီး အတွင်းမှာလည်း ကိုဗစ်-၁၉ စစ်ဆေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စရာ ရှိသည်များကို စီစဉ်ဆောင်ရွက် ထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ စစ်ဆေးပါက ပိုးတွေ့လူနာများလည်း တွေ့ရှိလာမည်ဖြစ်ကြောင်း၊ ယခင် Facility Quarantine အဖြစ် အသုံးခဲ့သော အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများအစား Facility Quarantine အဖြစ် အသုံးနိုင်မည့် နေရာသစ်များ ထပ်မံရှာဖွေထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ပထမလှိုင်းကို ထိရောက်စွာ ထိန်းချုပ်နိုင်သော်လည်း ကိုဗစ်-၁၉ ဒုတိယလှိုင်း သည် ပြည်တွင်းကူးစက်မှုနှုန်း အလွန်မြင့်မားခြင်းနှင့် သတင်းအချက်အလက် အားနည်းချက်များကြောင့် ထိန်းချုပ်ရန် ခက်ခဲခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့ရသည်ကို သင်ခန်းစာယူ၍ ကိုဗစ်-၁၉ ထပ်မံ ဖြစ်ပွားလာပါက အချိန်မီထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား စီမံချက်ရေးဆွဲတင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက ပဲခူးတိုင်းဒေသကြီး အတွင်း မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ စစ်ဆေးခဲ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့နိုင်ခြင်း အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ပဲခူးတိုင်းဒေကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များက အကြုံပြုနွေးခဲ့ကြပြီး ပဲခူးတိုင်းဒေကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)