ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း

သာယာဝတီ    ဧပြီ      ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရွာကြီးကုန်းရပ်ကွက်အတွင်း ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို   ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် ကလေးသူငယ်များ လုပ်ကိုင်သမျှ အလုပ်အားလုံးကို ကလေး အလုပ်သမား အတန်းအစား မသတ်မှတ်သင့်ပါ။ ကလေး အလုပ်သမားဟူသည် ကလေးဘဝ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေသည့် ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးကို လုပ်ကိုင်နေရသူများကို ဆိုသည်။ ထိုအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်း ဆိုင်ရာ သို့မဟုတ် စာရိတ္တဆိုင်ရာကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့၏ ပညာသင်ကြားရေးကို ထိခိုက်စေမည့် စသည့် အချက်အ လက်များကို ရပ်ကွက် အတွင်းရှိ ပြည်သူများသိရှိစေရန် Hand  Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။

ယင်းကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မော်တော်ဘိုက် ဖြင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ပြည်သူများနှင့်ကလေးသူငယ်များ လာရောက်ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

ခိုင်ဇေ (သာယာဝတီ)