သာယာဝတီမြို့နယ် ပြန်/ဆက်ရုံးခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သာယာဝတီ   ဧပြီ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် နာရီက စာရေးဆရာ ကိုဇော်ဌေး (ယဉ်ကျေးမှု) ရေးသားသော"လူငယ်နှင့်စိန်ခေါ်မှုများ" စာအုပ်ဖြင့် ပြန်/ဆက်ဝန်ထမ်းများက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြု လုပ်သည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နန်းအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာကိုဇော်ဌေး(ယဉ်ကျေးမှု) ရေးသားသော "လူငယ်နှင့်စိန်ခေါ်မှုများ "စာအုပ်အား ဒေါ်အိအိအောင် (ဒုတိယဦးစီးမှူး)က ဦးဆောင်ဖတ်ကြား ဆွေးနွေးပြီး၊ စာဖတ်ဝိုင်းသို့ တက်ရောက်ကြသော စာပေ ဝါသနာရှင် ဝန်ထမ်းများက တစ်ဦးခြင်းအလိုက် မိမိတို့၏ အမြင်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)