သတင်းများ

ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲပြုလုပ်
May 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်း နေထိုင်လျက်ရှိသူများအနက် မွေးရာပါ နိုင်ငံသားအရည်အချင်းရှိသော တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ တို့ဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့်နိုင်ငံသားစီ စစ်ရေးကဒ်ပြား၊ နို်ငငံသားပြုစိစစ်ရေး ကဒ်ပြား၊အမျိုးသားမှတ်ပုံတင်ကဒ်ပြားစသည့်ကဒ်ပြားတစ်မျိုးမျိုးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်ရှင်းလင်းပွဲ ကိုမေ(၁၀)ရက် နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက် ခဲ့ကြောင်းသိရှိရသည်
ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့နှင့် ရုံးဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့နှင့် ရုံးဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က အဆိုပါဘုရား ဇရပ်အဆောင်(၁)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်း
May 10,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ်တွင် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံဖြိုးရေးသင်တန်းဖွင့်လှစ်
May 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျင်းပပြုလုပ်သည့် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံဖြိုးရေးသင်တန်းကို ယမန်နေ့ နံနက် ၉နာရီက လေးအိမ်စုကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
May 10,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်ကာ မြို့နယ် အားကစား ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ သက်ကြီးရွယ်အိုများသွားလာရေး အဆင်ပြေစေရေးအတွက် ဝှီးချဲများ အခမဲ့ အသုံးပြုနိုင်
May 10,2021
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများ ကူးသန်းသွားလာလျက်ရှိပြီး ခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေး ချယ်ရီရေယာဉ်များဖြင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ နေ့စဉ်ကူးတို့ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါ သင်္ဘော ဆိပ်ကမ်း၌ ကျန်းမာရေးမကောင်းမွန်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ သွားလာရေး အဆင်ပြေစေရေး အတွက် ဝှီးချဲများကို စီစဉ်ဆောင်ရွက်ထားရှိရာ မည်သူမဆို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုပေး
May 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာ တင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် နှာခေါင်းစည်း (Mask) ကမ်ပိန်းပြုလုပ်
May 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ပြည်သူ့ဆေးရုံဟောင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ကြီးပေါ်တွင် မေလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် နှာခေါင်းစည်း(Mask )ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။