ချောင်းဆုံ၌ ရပ်ကွက်/ကျေးရွာအုပ်စုယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဖွင့်လှစ်
May 10,2021
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူများ ရပ်ရွာတွင် အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၈နာရီက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်ကြည် သိန်း၊ ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် သင်တန်းသားများ တက် ရောက်ကြောင်း သည်။