မော်လမြိုင် မေ ၁၆
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတို့သည် ယနေ့နံနက် ၇ နာရီခွဲက ရေးမြို့နယ် ရေး-ထားဝယ်ကားလမ်းတံတားအနီး ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်း တမံတည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား ရေ အရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ငွေကျပ်သန်း (၃၂၀.၁၀၀) ဖြင့် ဆောင်ရွက်လျက်ရှိသော ရေးမြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်းတမံ (အလျားပေ ၇၀၀) တည်ဆောက်နေမှု လုပ်ငန်းအခြေအနေအား ရှင်းလင်း တင်ပြရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျောင်းများပြန်လည်ဖွင့် လှစ်နိုင် ရေးအတွက် ရေးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ တွေ့ဆုံပွဲတွင် မြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်းရှိ ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ဘာသာရပ်အလိုက် သင်ကြားမည့် ဆရာ/ဆရာမ အရေအတွက် စာရင်းများကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် နိုင်လယိ တမမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဆရာ/ဆရာမများအနေဖြင့် ပညာရေးနဲ့ပက်သက်လို့ မိမိပြည်နယ်/ မြို့နယ်တိုးတက်အောင် အဓိကထားပြီး ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ဆောင်ရွက်ပေးနိုင်မယ်လို့လည်း ထင်မြင်မိပါကြောင်း၊ မိမိတို့ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်လည်း ပြည်နယ်အတွင်းရှိ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် မိမိတပည့်များကို ယဉ်ကျေးလိမ္မာပြီး စာ တော်စာကြိုးစာတဲ့ ကလေးများဖြစ်လာအောင် အဓိကထားပြီးသင်ကြားပေးစေလိုပါကြောင်း ပြောကြား ပြီး ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အား ပေးစကားပြောကြားကာ လူနာများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရေးမြို့ သမိုင်းဝင်ကျုံးတော်ကြီးပြန်လည်တူးဖော်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးသုံး ပစ္စည်းများနှင့် ပြည်သူ့ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေးမြို့နယ်၊ တောင်ဘုံကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၀၄.၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ဘုံကျေးရွာ ကုန်ထုတ်လမ်း အခြေအနေအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဝေလင်းအောင်