မိုင်းတုံ မေ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရွှေစေတီဘုန်းကြီးကျောင်း၌ (၂၇) ကြိမ်မြောက်အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို ဆရာတော် ဥူးသူရိယက ရွတ်ဖတ်ပူဇော်ခြင်း ပိဋကတ်ဆရာတော် ဥူးကေတုမာလာထံမှ ဧည့်ပရိတ်သတ် အပေါင်းတ က (၅) ပါးသီလ ခံယူဆောက်တည်ကာ မန္တလေးမြို့ ဓမ္မဓရဝါဆိုကျောင်းတိုက် စာချနာယက သဒ္ဓမ္မဇောတိ ကဓဇ ဝိနယဝိဒူ၊ အင်္ဂုတ္တရနိတာယဝိဒူ၊ ဿသနသီလဓမ္မစရိယဘီအေဗုဒ္ဓစဉ်၊ အရှင်ပညာဒီပ မှပဠာန်းနှင့် စပ်ဆက် သိမှတ်ဖွယ်ရာများအကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် ဆရာတော်ဥူးကုဝေရက ပဠာန်းတရား တော်နာယူနိုင်ရန် နတ်ပင့်ဂါထာတော်ဖြင့် နတ်ဗြဟ္မာ အပေါင်းတို့အား ပင့်ဖိတ်ခြင်း၊ ဆရာတော်အရိယဝံသက ပဠာန်းဒေသနာတော်မြတ်ကို ရွတ်ဖတ် ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ” အစရှိ ပါဠိတော်ကို (၃) ကြိမ် သံပြိုင်ရွတ်ဆိုပူဇော်ခြင်း၊ ပဠာန်းကျမ်းစာအုပ်အား ဆရာတော် ဥူးပညာဒီပ အရှင်မြတ်မှ အဘိဓမ္မာဒေသနာတော်မြတ်ကိုစတင်ရွတ်ဖတ် ပူဇော်ရာ မိုင်းတုံမြို့နယ်အတွင်းရှိ သံဃာတော် (၁၇) ပါးတို့မှ အလှည့်ကျဖြင့် မေလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်