ဒဂုံမြို့သစ်(ဆိပ်ကမ်း) မေ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့အေးက စာပေချစ်သူစာဖတ်ပရိသတ်များအား စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ ပန်းလိုချင် အပင်ကို ပျိုးတတ်မှ ” စာအုပ်ကို ဖတ်ပြပြီး စာအုပ်ပါအကြောင်းအရာများအား အချင်းချင်း အမြင်ခြင်း ဖလှယ်သည့် အနေဖြင့် အပြန် အလှန်ဆွေးနွေးကြသည်။
"စာပေချစ်သူစာဖတ်ပရိသတ်များကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယခုလို စာဖတ်ဝိုင်းလေးတွေ ကျင်းပပေးတာ အရမ်းကောင်းပါတယ် ကိုယ်တစ်ယောက် တည်း အမြင်တင်မက တခြားလူတွေရဲ့ အမြင်တွေကိုပါ ဆွေးနွေးပြီး သိခွင့်ရတဲ့အတွက် ဗဟုသုတများ ပိုမိုရရှိစေလို့ ဝမ်းသာပါတယ်”လို့ စာပေချစ်မြတ်နိုးသူ မအိချိုထံမှ ကြားသိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်ကို မနက် (၀၉:၃၀) နာရီမှ ညနေ (၁၆:၃၀)အချိန်နာရီအထိ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ စာကြည့်တိုက် ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက် လာရောက်သူများအနေဖြင့် စာအုပ်ငှားရမ်းခြင်းများအပြင် ပြတိုက်ငယ်များ၊ ကလေးများအတွက် စာဖတ်ခန်းများ၊ အပတ်စဉ် စာဖတ် ပရိတ်သတ်များ စုပေါင်း၍ စာဖတ်ဝိုင်းများရှိသည့်အပြင် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက်လည်း Online Facebook Page များမှလည်း နိုင်ငံတော်ထုတ်ပြန်ချက်များ၊ အသိပညာပေးပုံပြင်များနှင့် ဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို နေ့စဉ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်း(ပြန်/ဆက်)