သတင်းများ

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
May 22,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀) မြို့နယ် အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ Southern Myanmar ဘောလုံးကွင်း၌ ကျင်းပသည်။
ဘုတ်ပြင်းမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်
May 22,2021
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းဥပဓိရုပ် ကောင်းမွန်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ပြင်ဆင်ခြင်းများကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်း (၃) ကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင်း အခြေခံပညာကျောင်းများအား မေလ (၂၄) ရက်နေ့တွင် စတင်ကျောင်းအပ် လက်ခံပေးသွားမည်
May 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့် ရရှိရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ကာကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးတွေ့ဆုံဆွေးနွေး
May 22,2021
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက အောင်ဆန်းခန်းမတွင် ပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမများ တက်ရောက်ကြသည်။
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကုသရေး အဆောင်များပြင်ဆင်
May 22,2021
ကမ္ဘာ့နိုင်ငံတစ်ချို့နှင့် အိမ်နီးချင်းနိုင်ငံ တစ်ချို့တွင် ကိုဗစ်-၁၉ရောဂ ဖြစ်ပွားမှုနှုန်းများ ပြန်လည် မြှင့်တင့်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကုသရေး အဆောင်များကို ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန်၊ လူငယ်များ အပြန်အလှန်ဆွေးနွေးနိုင်ပြီး တွေးခေါ်နိုင်မှု မြင့်မားစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့်  တစ်ဦးချင်းစီ၏ အတွေးအခေါ်များ မျှဝေတက်စေရန် ရည်ရွယ်၍  ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 
သုံးခွမြို့နယ် ရှမ်းစုကျေးရွာတွင် ဘုရားအနေကဇာတင်နှင့် အ.ထ.က (ခွဲ) ကျောင်းဆောင်သစ် လှူဒါန်းပွဲ ကျင်းပ
May 22,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ရှမ်းစုကျေးရွာတွင် ဘုရားအနေကဇာတင်နှင့် အ.ထ.က(ခွဲ) ကျောင်းဆောင်သစ်လှူဒါန်းပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။