Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 25,2021
ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်
May 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်
May 25,2021
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့တွင် ထားဝယ်မြို့ကျက်သရေဆောင်လောကမာရဇိန်ဘုရားကြီး အတွင်းရှိမဟာဗောဓိညောင်ပင်တွင် ယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပျက်စီး
May 25,2021
ယမန်နေ့ညနေပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် သရက်တောရပ်ကွက်၊ ညောင်စားရေးကျေးရွာအုပ်စု၊ ရှားတိုင်းကျေးရွာအုပ်စု၊ မကျီးပေါက်ကုန်း ကျေးရွာအုပ်စု၊ လမိုင်းကျေးရွာအုပ်စု၊ သာစီကုန်းကျေးရွာအုပ်စုနှင့် ကသစ်တိုင်းကျေးရွာ အုပ်စုတို့တွင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များအမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိ
May 25,2021
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ သည်ကိုတွေ့ရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် ကျင်းပ
May 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတုဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော တွံတေးမြို့ ကျက်သရေဆောင်သာသနာ့သမိုင်းဝင် ရွှေဆံတော်စေတီတော် မြတ်ကြီး၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲကို ၁၃၈၃ ခုနှစ် ကဆုန်လပြည့် ယနေ့နံနက်ပိုင်းက ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်၌ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ကျင်းပ
May 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်ကြီးရှိ အဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့် မျက်နှာသစ်ပူဇော်ခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
May 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်နေသည့် ဝမ်ကောင်း(အောက်) ကျေးရွာနှင့် ဟွေကျင်းကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28494
Page
28495
Page
28496
Page
28497
Current page
28498
Page
28499
Page
28500
Page
28501
Page
28502
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department