(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ပွင့်ဖြူမြို့၌ ကျင်းပ

ပွင့်ဖြူ  ဇန်နဝါရီ  ၄

၂၀၂၀ ပြည့်နှစ် ၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အလံအား တက်ရောက်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီအချိန်တွင် ကျင်းပရာ ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်  ရဲဘော်အပေါင်းအား ဂုဏ်ပြုအလေးပြုခဲ့ကြသည်။ ၎င်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့  သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က ဖတ်ကြားသည်။

အဆိုပါ လွတ်လပ်ရေးနေ့အခမ်းသို့ တက်ရောက်လာသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစောင်များကို  ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )