အောင်လံ ဇန်နဝါရီ ၃
အောင်လံမြို့နယ် စက်ဘီးပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၅၄)မိုင် တာဝေးစက်ဘီးစီး ပြိုင်ပွဲကို ယနေ့ နံနက် (၄) နာရီခွဲအချိန်က ကျင်းပခဲ့ရာ ပြည်လမ်းငြိမ်းစတိုးရှေ့မှ ပြိုင်ပွဲဝင် အားကစားသမား (၁၄) ဦး ဖြင့် စတင်တာထွက်ခဲ့ပြီး အောင်လံမြို့မှ (၂၇) မိုင်ခန့်ကွာဝေးသည့် ယုံဖြူတောင်နယ်ခြားမှတ်တိုင်သို့ အသွား/အပြန် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စက်ဘီးပြိုင်ပွဲ ပန်းဝင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ် စက်ဘီးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်းနှင့် ကော်မတီဝင်များမှ အားပေးခဲ့ကြပြီး ပန်းဝင်လာသော ပြိုင်ပွဲဝင်အားကစားသမား (၉) ဦးတို့ အနက် ပထမဆုအား ဆုငွေ ကျပ်တစ်သိန်း၊ ဒုတိယဆုအား ရှစ်သောင်းကျပ်နှင့် တတိယဆုအား ခြောက်သောင်းကျပ်၊ စတုတ္ထဆုအား ငါးသောင်းကျပ်နှင့် ပဉ္စမဆု လေးသောင်းကျပ်၊ နှစ်သိမ့်ဆု နှစ်သောင်းကျပ်နှင့် ဇွဲဆု တစ်သောင်းကျပ်တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စက်ဘီးပြိုင်ပွဲကျင်းပရေးကော်မတီဝင်များမှ အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် ၄င်းဆုများအား “ထူးအောင်လံ’’ မိုဘိုင်းဆိုင်မိသားစုနှင့် စေတနာရှင်များမှ ပံ့ပိုးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိန်းလွင် (အောင်လံ)