သတင်းများ

ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် ပြည်ထောင်စုဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ် ကျောင်း ဆောင် သစ် ဆောက်လုပ်နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီး
May 25,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် ကျောင်းသားကျောင်းသူများ စိတ်အေးလုံခြုံစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စု ဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ကျင်းပ
May 25,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် နှစ်စဉ်မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာ‌‌ရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
May 25,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ကဆုန်လပြည့်နေ့ မိုးနဲမြို့ စက်တော်ကျောင်းတိုက်၌ မြတ်ဗုဒ္ဓနေ့နှင့် ရိုးရာမိုးခေါ်ပွဲကျင်းပ လာရောက်သူများနင့် စည်ကားလျက်ရှိ
May 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့နှင့် ရိုးရာမိုးခေါ်ပွဲကို နားခံကျေးရွာအုပ်စု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေရှိ စက်တော်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာတော်များ၊ မိုးနဲမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများတက်ရောက်ခဲ့ပြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ က ဗုဒ္ဓနေ့ဖြစ်ပေါ်လာပုံကို မြွက်ကြားတော်မူခဲ့သည်။
ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်းခန်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ယနေ့ပြန်လည်ဖွင့်လှစ်ပြီ
May 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ဧရာဝတီ မြစ်ကမ်းဘေးတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းကို ယနေ့နံနက် ၆ နာရီအချိန်က ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်း ခန်းတာဝန်ခံ ဦးမျိုးမင်းကို(လက်ထောက်မန်နေဂျာ)ထံမှ သိရသည်။
ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 25,2021
ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံးနှင့် တဲအိမ်(၂)လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွား
May 25,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု၊ ကျွဲတိကျေးရွာနှင့် ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာတို့တွင် လူနေအိမ်(၃)လုံးနှင့် တဲအိမ်(၂)လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် ကဆုန်လပြည့်နေ့၌ ဘုရားဖူးများနှင့် စည်ကားလျက်ရှိ
May 25,2021
ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် ကဆုန်လပြည့်နေ့၌ ဘုရားဖူးများ၊ ညောင်ရေ သွန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပြီး ရပ်ကွက်/ကျေးရွာများရှိ ဘုရား၊ စေတီ ၊ပုထိုးများ တွင်လည်း ဥပုသ်သီတင်း သီလယူသူများနှင့်စည်ကားလျက်ရှိကြောင်း သိရှိရသည်။