သတင်းများ

ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကျင်းပ
May 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးအနီးရှိ ဗောဓိညောင်ပင်တွင် ကဆုန်လပြည့်နေ့၊ ယမန်နေ့ ညနေ ၄ နာရီခွဲက ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
လင်းခေးတွင် ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ (၆၃)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
May 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ (၆၃)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၇ နာရီက လင်းခေးမြို့ မဟာဝိဟာရ ပရဟိတကျောင်းကြီးကျောင်းမုခ်ဦးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်တွေမြို့လောကနန္ဒာစေတီတော်၌ကျင်းပသော ကဆုန်လပြည့်မြတ်ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်း လောင်းပွဲသို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း တက်ရောက်
May 25,2021
ကဆုန်လပြည့်မြတ်ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းလောင်းပွဲတော်ကို စစ်တွေမြို့လောကာနန္ဒာ စေတီတော် ပုရဝုဏ်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းတက်ရောက်ပြီး ညောင်ရေသွန်းလောင်းပူဇော်သည်။
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန် ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပ
May 25,2021
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့၊ ယနေ့ နံနက်ပိုင်းက အနေ ကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် ပြည်ထောင်စုဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ် ကျောင်း ဆောင် သစ် ဆောက်လုပ်နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီး
May 25,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် ကျောင်းသားကျောင်းသူများ စိတ်အေးလုံခြုံစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စု ဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ကျင်းပ
May 25,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် နှစ်စဉ်မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာ‌‌ရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
May 25,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။